Events
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား တန်ဖိုးမြှင့်ထောပတ်သီးထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး
Updated At: 2025-10-22 16:36:36
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား တန်ဖိုးမြှင့်ထောပတ်သီးထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ ကုန်သွယ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီနှင့် ကော်လ်ကတ္တားမြို့တို့မှ မြန်မာစီးပွားရေးသံမှူးများ၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ၊ International Federation of Business Intellectuals and Changemakers (IFBIC) မှ တာဝန်ရှိသူများ စုစုပေါင်း ၂၈ ဦး တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တက်ရောက်လာသူများက ဆွေးနွေး ကြရာတွင် မြန်မာနိုင်ငံမှ ယခုနှစ်ထောပတ်သီးရာသီတွင် အေးခဲထောပတ်သီး တန် ၂၀၀ ခန့်အား အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ အိန္ဒိယနိုင်ငံဘက်သို့ နမူနာပေးပို့ရန်၊ မြန်မာ့ထောပတ်သီး အိန္ဒိယ နိုင်ငံသို့ တင်ပို့ရာတွင် အိန္ဒိယနိုင်ငံ၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အိန္ဒိယနိုင်ငံဘက်မှ ပံ့ပိုးပေးရန်၊ မြန်မာနိုင်ငံတွင် ထောပတ်သီးစက်ရုံအသစ်တည်ဆောက်နိုင်ရန်အတွက် အိန္ဒိယ နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ၁၄:၁၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
Event Details
- Date
- 22 October 2025
- Location
- Office No.3 Ministry of Commerce
- Website
- www.myantrade.gov.mm
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026